Thursday, December 13, 2007

The Current Situation of Migrant Workers and Migra

Samut Sakhon province is among the biggest seafood processing industrial areas in Thailand. Its fishing and fisheries-related industries constitute approximately 90% of the agriculture sector economy. Samut Sakhon also houses the biggest fish and shrimp markets in the country where tons of seafood cold storage along with farm products from the Eastern, Southern and Central Regions are unloaded and traded everyday. As a result of this growth, the GDP of the province is ranked among the top five provinces in Thailand every year. Population wise, it is among the top four coastal provinces in Thailand in attracting migrant workers, both Thai and non-Thai, to substitute for local labour in the fishing sector. This combined migrant population is equal to the number of local natives of Samut Sakhon, which has a permanent population of approximately 450,000.

Based on the registration of migrants in 2004, there were 103,426 migrants registered in Samut Sakhon, among whom 2,800 are children under 15 years of age. The 15-18 age group is lumped into the adult group and unfortunately no separate statistics for this group is available. In the 15-59 age group, 77,409 workers applied for work permits. Further, there are an unknown number of migrant workers who did not register in 2004 but the local authorities estimates that there were no fewer than 200,000 foreign migrants residing in the province in 2004.

In May 2005, the government granted all registered migrants the opportunity to renew their work permits. The renewal will, among others, give them the right to residency. The migrant workers who did not have their own employers and work permits arranged after August 30, 2005, will not be allowed to extend their stay in Thailand.

The Provincial Committee on Irregular Migrant Workers Administration has regular meetings to discuss and monitor the situation of migrants in the province. At the 12 July 2005 meeting, the Committee reported that 5,875 employers have requested a quota for hiring 182,910 migrant workers; 168,904 Burmese, 11,642 Laotian and 2,364 Cambodian migrants.[1]

Based on the available information, it can be concluded that during July-August 2005 migrant workers were changing jobs and employers, with most of them looking for better employment. Amid these changes, new groups of migrant job seekers without either work permits or registration cards filled some of these abandoned jobs. In addition, some of the newcomers resorted to illegal forgery services to get fake registration IDs, which will not enable them to get work permits as all registration and permit issuances are computerized. As long as they remain on an irregular status, they are vulnerable to arrest and exploitation.

Despite official announcements and notifications concerning the hiring of migrant workers, employers cannot find substitute workers in some particular sectors especially for ocean-fishing work[2] because many workers who were formerly employed in the fishing industry have found other work ashore.

Several migrant workers changed their employers and places of employment. They not only changed jobs within the same geographical area, but also moved to find jobs in nearby provinces. Some new workers have moved from Mae Sod, Tak Province; and Ra Nong Province into Samut Sakhon as well.

It was estimated that by the end of the new round of registration in 2005, there will be approximately 95 percent (or more) of the number of registered migrant labourers as compared to the previous year।

မှတ်ချက်။ ။ ( LPN (Labour Rights Promotion Network )မှ ကူးယူဖော်ပြသည်။ အကြောင်းမှာ ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သော သတင်းအချက်လက်စုစည်းသူများအလွယ်တကူ လေ့လာနိုင်ရန်ရည်ရွယ်၍ဖော်ပြခြင်းဖြစ်သည်။) ပိုမိုသိလိုက myolpn.zaw@gmail.com သို့ mail ပို့၍ မေးမြန်နိုင်ပါသည်။

Saturday, November 24, 2007

အေးဂျင့်လိမ်

ကျွန်တော် စင်္ကာပူမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ရောက်နေတော့ ရွှေညီအစ်ကို သုံးယောက်တွေ့ပါတယ်။ ညဘက်ရောက်တော့ သူတို့ အကြောင်းမေးကြည့်ဖြစ်တော့ သူတို့ဇာတ်လမ်းလေးက ရင်နင့်စရာပါ။ အဖြစ်ပျက်လေးကတော့ ဒီလို.....

သူတို့ စင်္ကာပူမှာ အလုပ်ရဖို့ ရန်ကုန်က အေးဂျင့်တစ်ယောက်ကို ငွေ သိန်းသုံးဆယ်ပေးခဲ့ရပါတယ်။ စင်္ကာပူမှာ အလုပ်ရမယ်ဆိုပြီး သူတို့ကို စင်္ကာပူကို ခေါ်လာပါရော။ တကယ်တမ်း စလုံးလည်း ရောက်ရော အေးဂျင့်မျက်နှာထားက ပြောင်းလဲသွားပါတယ်။ ပြီးတော့အေးဂျင့်ဆိုသူက ကောင်မလေးတစ်ယောက်ကိုပါ ခေါ်လာသေးဆိုပဲ။ ချန်ဂီလေဆိပ်ကနေ Taxi ငှားခကအစ သူတို့ အမြောင်လင်မယား (အေးဂျင့်+တရားမ၀င်မယား) နေဖို့ ဟော်တယ်ခန်းခက အစ အားလုံး ဒီကောင်လေးတွေကပဲ ပေးရသတဲ့။ ဒါနဲ့ အေးဂျင့်လင်မယားတို့ကို သတိအနေထားနဲ့စောင့်ကြည့်နေခဲ့ကြပေမယ့် အေးဂျင့်လင်မယားက သူတို့ကို ဟော်တယ်မှာ အခန်းသော့ ခတ်ထားပစ်ခဲ့ကြတယ်ဆိုပဲ။

တစ်နေ့တော့ အေးဂျင့်လင်မယားဟာ အိပ်တွေဆွဲ ထွက်သွားကြတာမြင်တော့ သူတို့ ကလည်း ဟော်တယ်ကနေ ထွက်လာကြပြီး သူငယ်ချင်းရဲ့လိပ်စာ စုံစမ်းပြီး ဆက်သွယ်ခဲ့ကြတယ်။ နောက်တော့ သူငယ်ချင်းရဲ့ အကူအညီနဲ့ ဒိဘုန်းကြီးကျောင်းကို ရောက်လာခဲ့ကြတာပါပဲ။ အော် ပြောဖို့ ကျန်ခဲ့တာက သူတို့စင်္ကာပူရောက်တော့ အလုပ်မရတဲ့ အပြင် စလုံးဒေါ်လာငါးရာစီတောင် ထပ်တောင်းလို့ ပေးခဲ့ရသေးဆိုပဲ။ အခုတော့ သူတို့သုံးယောက် မြန်မာပြည် ပြန်ရောက်သွားကြပါပြီ။

ကျွန်တော်သူတို့အကြောင်းတင်ပြ လိုရင်းက အေးဂျင့်လိမ်တွေ ရှိတယ်ဆိုတာရယ်၊ တကယ်လို့များ ကိုယ်က နိုင်ငံရပ်ခြားကို အေးဂျင့်နဲ့ အလုပ်ထွက်လုပ်တော့မယ်ဆိုရင် အေးဂျင့်တွေအကြောင်း သေချာယုံကြည်စိတ်ချရအောင် ဆောင်ရွက်ကြဖို့ပါ။ သူတို့အေးဂျင့်လိမ်တဲ့ အချိန်က မြန်မာပြည်မှာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်နေတဲ့ ရက်အတွင်းမှာပါ။ နိုင်ငံက ကမောက်ကမနဲ့ ရင်ဆိုင်နေရတဲ့ အချိန်၊ ရဟန်းရှင်လူပြည်သူအားလုံးက နိုင်ငံအနာဂတ်ကို သွေးနဲ့ရေးပြီး ဖန်တီးနေကြချိန်မှာ ဒီအေးဂျင့်ယုတ်မာသူက လိမ်ကောင်းဆဲဆိုတော့ ရင်နာလို့မဆုံးပါဘူး။ ဒါမျိုးလူတွေ ရှိနေလို့သာ ကျွန်တော်တို့နိုင်ငံ ဒီလိုမျိုးဆင်းရဲမှုတွေနဲ့ ကြုံနေရတာဖြစ်သလို၊ မြန်မာပြည်သူတွေ အတော်များများလည်း ကိုယ့်မြေကို စွန့်ခွာပြီး သူများနိုင်ငံမှာ ကျွန်မဖြစ်ရုံတမယ် အလုပ်ထွက်လုပ်နေကြရတာပါ။

ဒီတော့ တကယ်လို့များ ပြည်ပကို အေးဂျင့်နဲ့ အလုပ်ထွက်လုပ်တော့မယ်ဆိုရင် အစစအရာရာ ကိုယ့်ဘက်က နစ်နာမှုမရှိအောင် ကြိုတင် ပြင်ဆင်ကြဖို့ တိုက်တွန်းလိုက်ရကြောင်းပါ။ ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားတဲ့ဆိုး အဖြစ်နဲ့ မကြုံကြစေလိုပါ။

အခါအခွင့်သင့်လျှင်တော့ စင်္ကာပူမှာ တစ်ချို့ ရွှေမြန်မာတွေ ကိုယ်ထူကိုယ်ထ အလုပ်ရှာပုံအကြောင်းနဲ့ မကြာခင် အဲဒီအေးဂျင့်လိမ်ရဲ့ Passport Copy ကို ရအောင် စုံစမ်းပြီး ထပ်တင်ပေးပါ့မယ်။


Thursday, November 22, 2007

၂၆/၁၀/၀၇ ရက်စွဲဖြင့် ထုတ်ပြန် ထားသော ခရိုင်မှူး. နောက်ဆုံးထုတ် အမိန့်အပေါ်ထင်မြင်ချက်များ

ခရိုင်မှူးလက်မှတ်ပါ ၂၆/၁၀/၀၇ ရက်စွဲဖြင့် ထုတ်ပြန် ထားသောအမိန့်ကြော်ငြာတွင် မြန်မာ အပါအ၀င် နိုင်ငံခြားသား အလုပ်သမား များသည် စမွတ်စာခွန် ခရိုင် မဟာချိုင် ဒေသတွင် မြောက် များ စွာ ရောက်ရှိ နေပြီး ထို လူများထဲ တွင်လည်း အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) ရှိသူရော မရှိ သူပါ အထူးသဖြင့် မြန်မာပြည်သား များစွာ ရပ်ကွက် များတွင် ပျံ့နှံ့ နေထိုင်နေ ကြပါသည်၊ ထိုသို့ နေထိုင် မှုကြောင့် နောက်ဆက်တွဲ ပြသနာ အကျိုးဆက်အဖြစ် ကျန်းမာရေး။ နိုင်ငံမဲ့ ကလေးများ။ ဒုစရိုက် မှုခင်းများ။ ဥပဒေ ချိုးဖေါက်မှု များအပြင် ယခုနောက်ဆုံး ရိုးရာယဉ် ကျေးမှု ပွဲတော်များ ကျင်းပ ပြုလုပ် နေကြပြီး သူတို. ယဉ်ကျေးမှု များကို ဖြန့်ဖြူး နေကြ ပါသည်၊ထိုအချက် များမှာ နိုင်ငံတော် တည်ငြိမ်ရေးနှင့် အစိုးရ. ငဲ့ညှာ ထောက်ထားသော အားဖြင့် ခေတ္တခဏ နေထိုင် လုပ်ကိုင်ခွင့် ပေးထားခြင်း ရည်ရွယ်ချက် ကိုလည်း ထိခိုက် စေပါသည်၊ထို့ကြောင့် အလုပ်ရှင်များ။ အလုပ်ရုံများ အားလုံးသည် မိမိတို့ တာဝန်ယူ ထားသော နိုင်ငံ ခြားသား အလုပ်သမားများ အပြုအမူများကို ဥပဒေနှင့် ကိုက်ညီစွာ လိုက်နာရန် ထိန်းချုပ် တင်းကျပ် ထားရမည်၊ ကျူးလွန် ချိုးဖေါက်ပါက ဥပဒေအရ ပြတ်သားစွာ အရေးယူခြင်း ခံရမည်၊ နိုင်ငံခြားသား အလုပ်သမားများ မည်သည့် အထိမ်းအမှတ် ရိုးရာ ယဉ်ကျေးမှု ပွဲတော် ကိုမှ ဖြန့်ဖြူး ကျင်းပခွင့် ပေးမည် မဟုတ်ပါ၊စမွတ်စာခွန်ခရိုင်မှူးနိုင်ဝီရယွတ် အီယမ်အမ်ဖါ

အထက်ပါ စာစုမှာ စမွတ်စာခွန် ခရိုင်မှူး အမိန့်ကြော်ငြာစာကို မြန်မာဘာသာဖြင့် အနီးစပ် ဆုံးဖြစ်အောင် ဘာသာ ပြန်ဆိုထားခြင်း ဖြစ်ပါသည်၊ ထိုစာပါအချက်များနှင့် မြန်မာ အလုပ်သမား နှင့် ဆိုင်သော အခြား အချက်များကို အလုပ်သမား တစ်ဦး အနေဖြင့် ခွဲခြား တင်ပြ သွားပါမယ်၊ ပထမဆုံး မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံအတွင်း ၀င်ရောက် အလုပ် လုပ်ကိုင် ခဲ့တာကို ပြန်ပြီး ကြည့်ရအောင်၊ မြန်မာနိုင်ငံ အတွင်းမှာ အဆင်မပြေ မှုပေါင်း များစွာကြောင့် ရှေးဦးစွာ ထိုင်းနဲ့ နယ်မြေချင်း နီးစပ်နေတဲ့ မွန်။ ကရင်။ ထားဝယ်။ ရှမ်း အစ ရှိတဲ့ ဒေသ များက အချို့ တွေဟာ လွန် ခဲ့တဲ့ ၁၅နှစ်ကျော် ကာလတွေမှာ ၀င်ရောက် အလုပ် လုပ်ကိုင် ခဲ့ကြ ပါတယ်၊ ထိုင်းနိုင်ငံ ဟာလည်း ဖွံ့ဖြိုး တိုးတက် နေတဲ့ အချိန် ကာလ ဖြစ်တာကြောင့် ရေလုပ်ငန်း။ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ လူ အင်အား များစွာ လိုနေချိန်နဲ့ တိုက်ဆိုင်ပြီး အလုပ် တွေ အဆင်ပြေခဲ့ကြပါတယ်၊ ဒီထဲက အဆင်မပြေမှုတွေ။ အလိမ်ခံ။အနှိမ်ခံခဲ့ရတာတွေကို မပြောတော့ပဲ ခြုံငုံပြီးဆက်ပြောသွားပါမယ်၊ အဲဒီနောက်မှာတော့ အထက် ဖေါ်ပြပါ မွန်။ကရင် အစရှိတဲ့ဒေသတွေကနေ လူပေါင်း သိန်း ဂဏန်းနဲ့ ချီပြီး အလုပ်သမားတွေ တဖြေးဖြေးဝင် ရောက်လာခဲ့ကြပါတယ်၊ အဲဒါကလည်း အလုပ်သမားလိုအပ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆို တော့ ထိုင်းလူမျိုးအများစုဟာ ခက်ခဲကြမ်းတမ်းပြီး လုပ်အားခနည်းတဲ့အလုပ်တွေကို မလုပ်ကြတော့ပဲ သန့်ရှင်း။ သက်သာ။ ပေါ့ပါးတဲ့ အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်ကြတဲ့အတွက်ဖြစ်ပါတယ်၊

ကျန်းမာရေးအကြောင်းကိုပြောရရင်တော့ ဒီထိုင်းနိုင်ငံကိုလာကြတဲ့လူတွေဟာ အလုပ်ကြမ်း တွေ လုပ် ရမယ်ဆိုတာ သိပြီးသားပါ၊ ဒါကြောင့်မကျန်းမာတွေလူတွေ မလာကြပါဘူး၊ ဒါ့အပြင် လာရတဲ့ ခရီးလမ်း တွေဟာ လဲ ကြမ်းတမ်းခက်ခဲပြီး တောတောင်တွေဖြတ်။ နယ်စပ်ကနေ ကားထဲကြပ် ပိတ်သိပ်ပြီး လာခဲ့ကြ ရပါတယ်၊ တ ချို့လူတွေဆိုရင် လမ်းခရီးထဲမှာပဲ အသက်ဆုံးရှုံး ခဲ့ရပါတယ်၊ ဒါကြောင့် မကျန်းမာတဲ့ ရော ဂါသည်မျိုး ဆိုရင် ထိုင်းနိုင်ငံထဲရောက်ဖို့ အလွန်ခက်ခဲ လှပါတယ်၊ ထိုင်းအစိုးရအနေနဲ့ မြန်မာ အလုပ် သမား တွေဟာ ထိုင်းနိုင်ငံ ထဲကို တီဘီ။ငှက်ဖျား။ ဆင်ခြေထောက် အစရှိတဲ့ ရောဂါတွေ သယ်ဆောင် လာပါတယ်လို့ အစိုးရအဆက်ဆက် စွပ်စွဲ ပြောဆိုလာခဲ့ပါတယ်၊

ကောင်းပြီ။ ဘာကြောင့်မြန်မာအလုပ်သမားတွေမှာ ဒီကူးစက် ရောဂါတွေ တွေ့ကြရပါသလဲ၊ အရင်ဆုံး မြန်မာတွေ ၀င်ရောက်ခဲ့ရပုံတွေကိုပြန်ကြည့်ကြရအောင်၊ မြန်မာအလုပ်သမားတွေဟာ နယ်စပ်ကတော တောင်တွေကို နေ့ညမရွေး လမ်းလျှောက် လာခဲ့ ရပါတယ်၊ ဒါ့အပြင် လမ်းကြောင်း မှာ အခြေအနေ မကောင်းရင် နှစ်ရက် ကနေ တစ်လ လောက်အထိကြာအောင် တောထဲမှာပဲနေ ရရာ စားသောက်ပြီး နေခဲ့ ကြရ ပါတယ်၊ အဲဒီ အချိန်အခါတွေဟာ ငှက်ဖျား အစရှိတဲ့ရောဂါပိုးတွေ ကူးစက်ခံရဖို့ အကောင်းဆုံး အချိန် အခါ တွေပါပဲ၊ ထိုင်းနိုင် ငံအထဲကို ရောက်တဲ့အချိန်မှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ အခန်း တွေ။ အိမ်တွေမှာ နေထိုင်ခွင့်ရပြီး အစာ အဟာရကောင်းတွေ စားသောက်ရရင်တော့ ကျန်းမာစွာနဲ့ ဆက် ပြီး အလုပ်လုပ်နိုင်မှာပါ၊ သို့သော် ကြပ်ပိတ် ပြီး လေ၀င်လေထွက်မရှိတဲ့နေရာ အလုပ်ကြမ်းပြီး နားချိန် နည်းတဲ့ အလုပ်တွေ စာနာစိတ်နည်းတဲ့ အလုပ်ရှင်။ ပွဲစားတွေနဲ့ဆုံပြီး အလုပ်မတရား ခိုင်းခံထိပြီ ဆိုရင်တော့ အဲဒီအလုပ်သမားအနေနဲ့ ရောဂါတွေရတော့မှာပေါ့၊

ဆေးကုသမှုခံယူနိုင်ဖို့ဆိုတာကလဲ အလုပ်ရှင်အပေါ်မှာအများကြီးမူတည်နေပါသေးတယ်၊ ထားပါတော့ ဒီနေရာမှာ အကျယ်ချဲ့နေရင် စာမျက်နှာတွေတိုးသွားနိုင်တယ်။ နောက်မှပဲ ဒီအကြောင်းကို ထပ်တင်ပြ သွားပါ မယ်၊ မြန်မာတွေကသယ်ဆောင်လာတဲ့ ရောဂါဆိုတာတွေဟာ ဆေးကုသလို့ရပါသေးတယ်၊ လူမှု ပတ်ဝန်းကျင် ကိုများစွာထိခိုက်မှုမရှိနိုင်ပါဘူး၊ ဒီစမွတ်စာခွန် ခရိုင်(မဟာချိုင်)မှာဆိုရင် ငှက်ဖျား ရောဂါပိုး ကူးစေတတ်တဲ့ ခြင် လုံးဝလုံးဝမရှိပါဘူး၊ ဒါပေမယ့် ထိုင်းနိုင်ငံကနေ မြန်မာအလုပ်သမား တွေဆီ ကို ကူး စက်ခံ လိုက်ရတဲ့ အိတ်ခ်ျအိုင် ဗွီအေအိုင်ဒီအက်စ် ရောဂါကတော့ ကုရာနတ္ထိဆေးမရှိ ပဲ၊ ဘယ်သူ တွေက ပိုပြီးနစ်နာလဲ စဉ်းစားကြည့်ပါ၊ နောက်ထပ် ပြောချင်တာက အဲဒီအေအိုင်ဒီအက်စ်ရောဂါကို ထိုင်းနိုင်ငံထဲ သယ်လာတဲ့ ဥရောပ။အမေရိကနိုင်ငံ တွေကိုတော့ ဘယ်ထိုင်းအစိုးရကမှ အပြစ်ပြောသံမကြားရသေးဘူး၊ မပြောရဲတာပဲလား။ ကျုပ်ရဲ့ဗဟုသုတ နည်းတာလားတော့မသိဘူးဗျို့၊

ကဲဒုစရိုက်မှုတွေ။ မူးယစ်ဆေးဝါးတွေဘက်ကိုလှည့်ကြရအောင်၊ ကျုပ်တို့ မဟာချိုင်မှာ ထိုင်းတွေရဲ့လု ယက်စော်ကားမှုတွေပဲ မြန်မာတွေက နေ့စဉ်နဲ့အမျှခံနေကြရတာပါ၊ မြန်မာတွေက ထိုင်းတွေကို လုယက်စော်ကားဖို့ဆိုတာ မရှိသလောက်နည်းပါတယ်၊ ရာဇ၀တ်မှတ်တမ်းတွေမှာလဲ ပြန်ရှာကြည့်ပါ၊ အထူးသဖြင့် မြန် မာတွေက အိမ်ရှင်နိုင်ငံသားနဲ့ ဘယ်တော့မှ ရန်ပြိုင်ဖြစ်ဖို့ မပြုလုပ်ခဲ့ပါဘူး၊ နိုင်ငံ တကာဘော်လုံးပွဲတွေမှာ တောင် အိမ်ရှင်။ဧည့်သည် ယှဉ်လို့မရပါဘူး၊ မြန်မာအချင်းချင်းသာ ရန်ဖြစ် မှုတွေ။ သတ်ဖြတ်မှု တွေရှိပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံ သားတွေဟာ အလုပ်လာလုပ်ဖို့ဆိုတဲ့ ဦးတည်ချက်ပြတ်ပြတ်သားသားရှိပြီးသားပါ၊ ဒါ ကြောင့် ယုတ္တိ မရှိတဲ့စွပ်စွဲချက်တွေကို ပြန် စဉ်းစား ဖို့လိုအပ်ပါပြီ၊ မူးယစ်ဆေးဆိုရင်လည်း အဓိကဖြစ်တဲ့ ယာဘ ခေါ် မြင်းဆေးခေါ် စိတ်ကြွဆေးတွေ ပျံ့နှံ့နေရတာ မြန်မာ ပြည်သားကြောင့် လို့ ပြောဖို့ ခက်ပါတယ်၊ မြန်မာပြည်သားတွေဟာ အလုပ် လုပ်ခွင့်လက်မှတ်(ဘတ်)ရှိတဲ့သူတွေတောင်မှ ထိုင်း နိုင်ငံ အနှံ့အပြား ခရီးသွားလာခွင့်မရှိ ပါဘူး၊ မြန်မာတွေကြောင့်လို့ပြောရင် ယုတ္တိမရှိပဲ အရမ်း ကာရော စွပ်စွဲမှုတွေသာဖြစ်ပါတယ်၊

နောက်တစ်ခုအဆိုးဆုံးက ရိုးရာယဉ်ကျေးမှုတွေနဲ့ပက်သတ်ပြီး စွပ်စွဲပြောဆို ထား တာ တွေဖြစ်ပါတယ်၊ မြန်မာတွေရဲ့ယဉ်ကျေးမှု။ ထိုင်းတွေရဲ့ယဉ်ကျေးမှု အားလုံးဟာ ဗုဒ္ဓဘာသာ ကို အခြေခံပြီး ပေါ်ပေါက် လာတာဖြစ် ပါတယ်၊ သေသေချာချာ ပြန်ဆန်းစစ်ကြည့်ရင် အားလုံးနီးပါး တူညီနေပါတယ်၊ မြန်မာ အလုပ် သမားတွေ ထိုင်းနိုင်ငံထဲမှာ စုပေါင်းကျင်းပတဲ့ ယဉ်ကျေးမှုပွဲတော် တွေဟာ ဘာတွေလဲ၊ နှစ်ကူးသင်္ကြန်ပွဲ။ ၀ါဆိုပွဲ။ ၀ါကျွတ်ပွဲ။ ကထိန်ပွဲ ဒါတွေပဲရှိပါတယ်၊ အဲဒီ ပွဲတွေအားလုံး ထိုင်းရိုးရာယဉ်ကျေးမှုမှာကိုက ရှိပြီး သားတွေပါ၊မြန်မာပြည် သား သိန်းဂဏန်း နဲ့ရှိ နေ တဲ့ ဒီမဟာချိုင်မှာ ကုသိုလ်ရေး ပွဲတော်တွေ ကျင်းပ ပြုလုပ်တာ ကောင်းသလား။ ဆိုးသ လား၊ နိုင်ငံတော်တည်ငြိမ်ရေး ထိခိုက်နိုင်တယ်ဆိုတာ ဘာကြောင့် ပါလဲ၊ သေချာတာကတော့ အလှူပွဲ တွေကို ပိတ်ပင်တယ်ဆိုတာကတော့ လူ့ယဉ်ကျေးမှုအရကို တော် တော် လေးဆိုးနေပါပြီ၊ ဘာသာ ရေး ရှုဒေါင့်ကနေ ကြည့်ရင်တော့ မတွေးရဲစရာပါပဲ၊ သြော် သန်းရွှေလို လူမျိုး ထိုင်းမှာလည်း ရှိသေး ပါလားလို့ အံ့သြမိပါတယ်၊ နောက်တစ်ခုက ကိုးကွယ်မှုချင်း။ ယဉ်ကျေးမှု ချင်း မတူညီတဲ့ တရုတ် ရိုးရာပွဲတွေ။ ဥရောပရိုးရာ ဟော်လိုဝင်းခေါ် တစ္ဆေပွဲတွေ အစရှိသဖြင့် တစ်နိုင်ငံ လုံးအနှံ့လုပ်နေပြီး ဗုဒ္ဓဘာသာအချင်းချင်းပိတ်ပင်မှုဟာလည်း ဆက်ပြောဖို့ ကို မပြောချင်တော့ပါဘူးလေ၊

အားလုံးကိုခြုံငုံပြီး ပြန်လည်သုံးသပ်ရင်တော့ ထိုင်းနိုင်ငံထဲမှာ မြန်မာအလုပ်သမားတွေ ရှိနေ ရတာဟာ ထိုင်းစီးပွါးရေးအတွက် အဓိကအချက်ထဲမှာပါပါတယ်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် အ ကျိုး ရှိတယ် ဆိုတာ ကို ရဲရဲလက်ခံနိုင်ရ ပါမယ်၊ သေသေချာချာတွက်ရင် ထိုင်းနိုင်ငံက ပိုပြီးအကျိုး အမြတ် ရပါတယ်၊ ဒါကို လစ်လျူရှုပြီး မြန်မာအလုပ် သမားတွေကို တစ်ဖက်သတ်ဖိနှိပ်မယ်ဆိုရင် နောင်အနာဂတ်မှာ ဆိုးကျိုး တွေ များစွာဖြစ်လာနိုင်ပါတယ်၊ အထူးသဖြင့် မြန်မာအလုပ်သမားတွေ အတွက် ကောင်းမွန်တဲ့ စိတ် ထွက် ပေါက် ဖြစ်တဲ့ ဘာသာရေးပွဲတော်တွေ ပိတ်ပင်ခြင်းဟာ ဘယ်လို မှလက်ခံနိုင်စရာမရှိပါဘူး၊ ထိုင်းနိုင်ငံမှာ လူသား ဆန်တဲ့ ယဉ်ကျေးတဲ့ လူတော်လူ ကောင်းတွေ အများကြီးပါပဲ၊

ထိုင်းနိုင်ငံယဉ်ကျေးမှုဝန်ကြီးကိုယ်တိုင်က ဘာသာရေးကိုအခြေခံပြီး မြန်မာအလုပ် သမားပြသနာတွေ ဖြေရှင်းဖို့ ပြောကြားသွားပါတယ်၊ ၂၉/၁၀/၂၀၀၇ ရက်စွဲနဲ့ နယ်အိုန အမည်ရ သတင်း ၀က်ဘ်ဆိုဒ်မှာ ရှိပါတယ်၊ လိပ်စာကိုအောက်မှာဖေါ်ပြသွားပါမယ်၊ အဲဒီလို ထိုင်းလူယဉ်ကျေး တွေရဲ့ လေးစား ဖွယ်ရာ တွေကိုထောက်ထားပြီး ပြင်းပြင်းထန်ထန် မပြောတော့ပါဘူး၊ ဒါပေမယ့် ထိုင်းလူမျိုးများ အလေးထားပြီး စဉ်းစားစေချင်တာကတော့ မြန်မာ။လော။ကမ်ပူးချား ဗုဒ္ဓဘာသာ အိမ်နီးချင်း နိုင်ငံသားတွေနဲ့ ဆက်ဆံ ရာမှာ ပြေ ပြစ်မှုတွေ လျော့နည်းနေတာ ဘာကြောာင့်လဲ။ ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာတွေပါ၊ အနာဂတ်ကာလမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင် သွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ် ကြောင်း တင်ပြရင်းနဲ့ ခေတ္တရပ် နားပါဦးမယ်၊
ထိုင်းယဉ်ကျေးမှုဝန်ကြီးပြောကြားချက်သတင်းပါတဲ့လိပ်စာကတော့http//www.naewna.com

ပေးပို့လာသူ စိန်မြိုင်လင်း ဖြစ်ပါတယ်

ထိုင်းနိုင်ငံရဲ့ သရုပ်မှန် (အောက်တိုဘာ ၂၀၀၇)

ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင်၊ မဟာချိုင်ဒေသတွင် အလုပ် လုပ် ကိုင် နေကြသော ရွှေ့ပြောင်းမြန်မာ အလုပ်သမား ဆယ့်သုံးသိန်းတို့ရဲ့ လူမှုရေး အခက်အခဲ ပြသနာ များကို စေတနာ အဓိကထား လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့ ဖြစ်ပါသည်။ ရင်ငြိမ်းပန်း ဘလော့ တွင် လည်း အသင်းရဲ့ ရပ်တည်ချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်များကို ဓာတ်ပုံ သာဓက များနဲ့ တကွ တင်ပြထားပြီး ဖြစ်ပါသည်။ နာရေး၊ သာရေး ကိစများကိုသာ လက်မလည်အောင် ကူညီ နေရသော ရင်ငြိမ်းပန်း အသင်းတွင် မည့်သည့် နိုင်ငံရေး အရိပ်အရောင်မျှ မပါဖူးပါ။

သို့ရာတွင် ဇူလိုင်လ ၇ရက်နေ့တွင် မွန်မိန်းကလေးတစ်ဦးကို မာဖီးယားဂိုဏ်းတဂိုဏ်းက မုဒိမ်းကျင့် ဖမ်းဆီး ခဲ့ရာတွင် ထို မိန်းကလေးက အသက်ကိုမငဲ့ဘဲ ထွက်ပြေးလာနိုင်ခဲ့သဖြင့် ထို ဂိုဏ်းက မြန်မာနဲ့ မွန် မိန်းကလေး များ လက်ရှိတွင်ပင် အယောက် ၂၀ခန့်ကို ဖမ်းဆီး မုဒိမ်းကျင့် စိတ်ကြွဆေး ကျွေးပြီး ပင်လယ်တွင်း ငါးဖမ်း စက်လှေ များတွင် လှေသားများ ပျော်ပါးရန် ရောင်းစားနေသော အမှု ပေါ်သွား ခဲ့ပါသည်။ ထို အမှုတွင် မဟာချိုင် ရပ်မှ ဒေသခံရဲပါ ပါဝင် ပတ်သက် နေပြီး အမှု ဖျောက်ဖို့ ကြိုးစားခဲ့ရာ ကျန်ရှိနေ သေးသော မိန်းကလေး အ ယောက် ၂၀ကို ကယ်တင်နိုင်ရန် ထို အမှုကိုလည်း ရင်ငြိမ်းပန်း အသင်းမှ ရဲချုပ်ထံ ထိရောက်အောင် ထိုမှတဆင့် အန်ဂျီအိုများထိ ပေါက်ရောက်အောင် ဦးဆောင် တိုင်တန်း အမှုမှန် ပေါ် အောင် ဖော်ခဲ့ရပါသည်။ ထို မိန်းကလေး အယောက်၂၀ကို ကိစ္စဖျောက် အပြတ် ရှင်း သတ်ဖြတ်မည်ကို စိုးရိမ်သဖြင့် မီဒီယာများမှ မဖော်ထုတ်ရန် တောင်း ပန် ခဲ့ရပါသေးသည်။ ထိုအချိန် တွင်း အမှုတွင် ပါဝင် လှုပ်ရှားသူ တစ်ဦးရဲ့ အိမ်ကို ဖောက်ထွင်း ခိုးယူခံရယုံ သာမက ဖုန်းခိုးယူသွားသဖြင့် ထိုဖုန်းကို ဆက်ကြည့် ရာ ယူတော့ဘာဖြစ်သေးလဲ ဟုပင် မောက်မာစွာ ပြောဆိုခံ ခဲ့ရပြီး အသင်းဝင် တစ်ဦးရဲ့ ချွေးမ အသတ်ခံ ခဲ့ရပါသည်။

သို့သော် ထိုအချက်ကို အငြိုးထားသော ဒေသခံရဲများသည် ရင်ငြိမ်းပန်းအသင်းကို ချောက်တွန်းရန် စောင့် နေခဲ့ကြပါသည်။ ယခုလို သီတင်းကျွတ် လပြည့်နေ့ နီးနေချိန်တွင် ခါတိုင်း နှစ်များ ကဲ့သို့ သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့ အတွက် ဘာသာရေး အခမ်းအနား ပြုလုပ်ရန် စီစဉ် နေချိန်တွင် ၂၀၀၇ခု အောက်တိုဘာ ၈ရက် မနက် အစောတွင် ရင်ငြိမ်းပန်း ရုံးခန်းကို ရှာဖွေရေး ၀ရမ်း မပါဘဲ ၀င်ရောက် စီးနင်း ရှာဖွေပြီး နံရံတွင် ချိတ် ဆွဲ ထားရှိသော ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ရုပ်ပုံ ကားချပ်၊ ဗိုလ်ချုပ်ရဲ့ သွေးစည်း ညီညွတ်ကြဖို့ မိန့်ခွန်းနှင့် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် အသင့် ပြုလုပ် ထားသော သာသနာ့ အလံပါ ရင်ထိုးတံဆိပ်တို့ကို သိမ်းယူပြီး အသင်း ဥက္တဌကိုပါ နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြပါသည်။

ဒီဘလော့လာ ပရိသတ်ကို မေးချင်ပါသည်။အာရှသူရဲကောင်းအဖြစ် တကမ္ဘာလုံးက လေးစားအသိအမှတ်ပြုသော မိမိနိုင်ငံရဲ့ ခေါင်းဆောင်ပုံကို အခန်းနံရံမှာ ချိတ်ဆွဲတာဟာ နိုင်ငံရေး မြောက်ပါသလား။သီတင်းကျွတ် လ ပြည့် အဘိဓမ္မာ အခါတော်နေ့အတွက် ဘာသာရေး အခမ်းအနားတွင် ဝေငှရန် ပြုလုပ်ထားသော သာသနာ့အလံပုံ ရင်ထိုးသည် နိုင်ငံရေးမှု မြောက်ပါသလား

ဘယ်သောအခါကမှ နိုင်ငံရေး အငွေ့အသက်ပင် မပါအောင် (မလှည့်အားအောင်ပင် ကိုယ့်အလုပ် တဖက်၊ နာရေး ကူညီမှု တဖက် လုပ်ကိုင်နေရသော အသင်းဝင် အင်အား ၂၀၀ဖြင့် လူဆယ့်သုံးသိန်းကို) ကူညီနေ ရသော ဒီရင်ငြိမ်းပန်း အသင်းကို ဘာကြောင့် မြန်မာအစိုးရ မျက်နှာတော်ရအောင် ထိုင်း အစိုးရက ဘာကြောင့် ထိုးကျွေးချင်ရသနည်း

ကမ္ဘာ့အလယ် ကုလသမဂ္ဂတွင် မြန်မာအစိုးရရဲ့ သာသနာရေးဆိုင်ရာ ဖိနှိပ်မှုကို ကန့်ကွက်ကြောင်း ပြောဆို ခဲ့သော ထိုင်းအစိုးရသည် သာမန် နာရေးကူညီမှု အသင်းလေးကို ဗိုလ်ချုပ်အောင်ဆန်းပုံ တွေ့ရှိမှု၊ သာသနာ့အလံ တွေ့ရှိမှု တို့ကြောင့် နိုင်ငံရေး ပုဒ်မ တပ်ကာ ဖမ်းဆီး ချိပ်ပိတ်ခြင်းသည် ခေါင်းကိုထီး ဆောင်းပေးပြီး ခြေထောက်ကို ဖြတ်ရိုက်သော စေတနာ မှန်သော လုပ်ရပ် ဟုတ်ပါသလား

ထိုမျှ မကသေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပြန်လွှတ်ပေးစေလိုလျှင် အထက်ကို အမှုတွဲ မတင်စေ ချင်လျှင် ဘတ်ငွေ နှစ်သောင်း ပေးရမည်ဟု ငွေညှစ်ပြီး ငွေပေးမည့်သူ များလာသောအခါ လန့်ဖျပ်ပြီး အ ထက်ကို အမှုတွဲတင်ပေးလိုက်ပါသည်။ ရှာဖွေရေး ၀ရမ်းမပါဘဲ ဖမ်းသောကြောင့် မသက်ဆိုင်သော အခြား သက်သေခံ ပစ္စည်းအတု များကိုပါ ထည့်သွင်းခွင့် ရှိနေကြောင်းလဲ ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ ထိုမှ တဖန် အထက်သို့ အမှုတွဲ ရောက်ပြီးဖြစ်သောကြောင့် အရေးယူမှု လုပ်မှ ရမည် ဖြစ်ကြောင်း၊ အပေါ့စား အရေးယူမှု ဖြစ်စေရန်အတွက် လက်ရှိ ရှိနေသော အလုပ်သမားကဒ်ကို ပြန်သိမ်း ပြီး အလုပ်သမား လက်မှတ် မရှိသူအဖြစ် နယ်စပ်သို့ ပြန်ပို့မည် ဖြစ်ကြောင်း၊ နယ်စပ်ရောက်မှ အချိန် မရွေး ပြန်ခိုးဝင်လာ နိုင်ကြောင်း၊ ဒေသခံရဲများ အနေဖြင့် ပြန်ခိုးဝင်လာသည်ကို နားလည်မှုဖြင့် မမြင် ချင်ယောင် ဆောင်ပေးမည် ဖြစ်ကြောင်း သွေးဆောင် ဖြားယောင်းကာ အမှုတွဲကို ဆက်မလိုက်စေဘဲ ကြေအေးရန် သွေးဆောင် ဖြားယောင်းခဲ့ကြပါသည်။ သို့ရာတွင် အမှုတွဲကို အမှန်တကယ် ဖွင့်ရုံမက ပင်မ တရားရုံးတွင်ပါ အမှုတွဲကို တင်လိုက်ပြီး သေးသည့် အမှုကို ကြီးအောင် ဖန်တီး ပြုလုပ်ခဲ့ပါသည်။

ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျား.. ရင်ငြိမ်းပန်း အသင်း ဥက္တဌ အဖမ်းခံ ရခြင်းသည် လူ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ မဟုတ်ဘဲ မြန်မာနိုင်ငံသားများ အားလုံးကို ကြက် ကလေး ငှက်ကလေးကို ဖမ်းသလို ဥပဒေမဲ့ ဥပဒေကို လက်တလုံးခြား ထင်ရာစိုင်း လုပ်ချင်ရာ လုပ်ကာ လူသားချင်း မစာနာမှု ဖြစ်ပါသည်။ အထက်ပိုင်းမှ တာဝန်ရှိသူများက ကမ္ဘာ့အလယ်တွင် မြန်မာ နိုင်ငံ ကို တရားဝင် ကန့်ကွက် စာ ပို့နေသော်လည်း အောက်ပိုင်းတွင်မူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ရုံးခန်းတွင်း ချိတ်ဆွဲမှု ကြောင့် နိုင်ငံရေး ပုဒ်မတပ်ကာ ဖမ်းဆီးထောင်ချခြင်းသည် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်လျက် ရှိနေ ပါသည်။

ကမ္ဘာအရပ်ရပ်မှ မြန်မာနိုင်ငံသူ နိုင်ငံသားများ ခင်ဗျား.. ကိုယ့်ပြည်တွင်း ကိုယ်နေသော်ငြား မတရား ဖိနှိပ် ခံရ၊ နိုင်ငံရပ်ခြား ထွက်လာပါသော်ငြား မတရား ဖိနှိပ် ထိုးကျွေးခံနေရသော အမိမြေမှ တိုင်းရင်းသား ညီ အစ်ကို မောင် နှမ အောက်ခြေ လူတန်းစား သန်းနဲ့ချီသော မြန်မာနိုင်ငံသားများရဲ့ ခံစားချက် နဲ့ ဘ၀ဒုက္ခ များကို လူသားချင်း စာနာကြပါရန်နဲ့ မြန်မာနိုင်ငံသားများ မြန်မာလူမျိုးများ ကမ္ဘာ့အလယ်တွင် မျက်နှာ မဖော်ရဲ လောက်အောင် လူသားတန်ဖိုး လူသား ဂုဏ်သိက္ခာများ လွန်မင်းစွာ ကျဆင်းနေရခြင်းမှ လွတ် မြောက် ရန် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ကြိုးစား အကောင်အထည် ဖော်ကြပါစို့လို့ တိုက်တွန်း လိုက်ရ ပါတယ် ခင်ဗျား..

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ် ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီး ရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက် သွားပြီး အလုပ်သမား လက် မှတ် တရားဝင် လက်ဝယ် ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံ ခဲ့ရ ပါတယ်။ သူမကို ဖမ်း မိရာ လယ်ကွင်း ထဲမှာပင် အဓမပြုကျင့် ခဲ့ကြပြီး နောက် သူတို့ဂိုဏ်း တည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။ သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။ သူမကို ဖမ်းဆီး ခေါ်ဆောင် ခဲ့ရာ တိုက် ခန်း တွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံ ထားရ ကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်း သောကြောင့် ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့ သော်လည်း အ များစု မှာ မွန်နှင့် မြန်မာမ လေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ် ဆင် မပေး ထား ကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို

လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင် ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေး လောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်း ခဲ့ကြောင်း၊ နင် တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြား ခဲ့ သော်လည်း မည်သည့် အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်း ကား ပြီး

စက်ရုံပိုင်ရှင် သူဌေး များသည် ကိုယ်ပိုင် ငါးဖမ်း စက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင် လေ့ရှိ ကြ သည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေ များ တွင် လှေသားများ ပိုမို အလုပ်လုပ် ချင်စေရန် ပျော်ပါးရန် အပြီး ရောင်းစား ပေးလေ့ ရှိပြီး ထို လှေ သား များက လည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင် တော့သော ထို မိန်းက လေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့ လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန် သော အကြမ်းဖက် လူ ကုန်ကူးမှု တွင် ထိုင်း ရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိ ရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထား ကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက် လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန သို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ် ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည် တို့ကို ဆက် တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။

လူဆိုးများ ထွက်မပြေး နိုင်ရန် ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထား နေ စဉ် ဘီဘီစီ သတင်း ဌာနမှ သတင်း ကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းက လေး များ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေး သလို ဖြစ်ခဲ့ သည့် အတွက် ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။

ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများ ကြောင့် ဇူလိုင် ၁၃ရက် ထိ ထို မာဖီးယား ဂိုဏ်းကို သူစီးနိုး ငါစီးနိုး နှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံရဲတစ်ဦး၏ နေ အိမ်ဟောင်းအတွင်း တွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။ဖောက်ထွင်းသူသည် တအိမ်လုံး အ ပြောင် သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး

ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက် သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက် မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည် ဟုဆိုကာ

အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံး ပြီး အတင်းဖမ်းဆီးမှုကို ထူးခြား တိုက်ဆိုင် စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက် စာတင် အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေး ကိုလည်း အန္တရာယ် ကင်းစေရန်

ခေါ်ယူစောင့်ရှောက်ပေးထားခြင်းများ ပြု လုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံ ဖမ်းဆီးမှု များကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံ ကြား မှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထို မာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ

ထိုဒေသရှိထိပ်တန်းအာဏာပိုင် များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့၇လေသည်။ ထိုမျှမကသေး ဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက် ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ

ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယားဂိုဏ်း သားများ ကိုလည်း ရှာမတွေ့တော့ပေ။ ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။ လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။

ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ် ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထို လုပ်ငန်းအတွက် မြန်မာ မိန်းက လေးများကို သည်လို လူမဆန် လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော် ဆက်စေပြီး သက်ဆိုင် ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲ သည်လို မသိချင် ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက် သည့် အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအား ပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူ များ၊ အဖွဲ့အစည်းများမှ လည်းကောင်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပ ရောက် မြန်မာများမှလည်းကောင်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆို ပေးကြပါရန် ပန်ကြားအပ်ပါသည်။

၂၀၀၇ ခုနှစ် အတွင်း ကာတာနိုင်ငံတွင်း

မြန်မာများသတင်းအရှေ့အလယ်ပိုင်းရှိ ရေနံသူဌေးများ စုဝေးရာ ကာတာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်း များကို တိုးချဲ့ လျက်ရှိရာ လိုအပ်သော လုပ်သားများကို မြန်မာနိုင်ငံမှ လုပ်သား ပွဲစား ကုမ္ပဏီ များနှင့် ဆက်သွယ် ခေါ်ယူခဲ့ ကြရာ ကျေးလက် အချို့တွင် ရွာလုံးကျွတ် လာရောက် လုပ်ကိုင် ကြသူများ ရှိကြောင်း၊ ထိုသူ တို့သည် လယ်ရောင်း နွားရောင်းပြီး ပွဲခ ပေးကာ အလုပ် လုပ်ခွင့် ရအောင် ကြိုးစား ခဲ့ကြကြောင်း၊ သို့သော် နိုင်ငံတကာ ငွေကြေး လဲလှယ်မှု နှုံးကိုရော နိုင်ငံတကာ အလုပ်သမား ဈေးကွက်မှ မိမိ ရသင့် ရထိုက် သော လခ နှုံးထား ကိုပါ မသိဘဲ စာချုပ်ပါ လခဖြင့် ၁နှစ်၊ ၂နှစ် စာချုပ်များ ချုပ်ဆိုခဲ့ပြီး ကာတာ သို့ ရောက်သော် နေထိုင် စားသောက်မှု စရိတ်နှင့် လခ မည်သို့မျှ မလောက်င သည်ကို လည်းကောင်း၊ မိမိ တို့ကို ကုမ္ပဏီမှ လခ တိုးပေး သော်လည်း စာချုပ်အရ လခမှာ မိမိ တို့ထံ ရောက်မ လာဘဲ ပွဲစား ကုမ္ပဏီ သို့သာ ရောက်ရှိ သွားသည်ကို လည်းကောင်း သိရှိရ လေသည်။ ထို့ကြောင့် မခံချင် ဖြစ်မှုနှင့် ပင်ပန်းပြီး အကျိုး မရှိမှု တို့ကြောင့် မြန်မာ ပြည်သို့ ပြန်လို လှသော်လည်း လာစရိတ် အကြွေး မကျေခြင်း ကြောင့် ကြိတ်မှိတ်ကာ စိတ်ဆင်းရဲ လူဆင်းရဲ ခံစား နေကြ ရကြောင်း သိရှိရ လေသည်။ထိုအလုပ်သမားများ၏ လုပ်ခလစာများကို တပတ်တခါ ရှင်းခြင်း၊ ၁၅ရက် တစ်ကြိမ် ရှင်းပေးခြင်း၊ နှင့် တလ တကြိမ် ရှင်းခြင်း တို့ကို ကုမ္ပဏီ အလိုက် ပြုလေရာ အိန္ဒိယ နွယ်ဖွား မြန်မာ နိုင်ငံသား ငွေလွှဲ သမားများ တော်တော် အလုပ်ဖြစ် လေသည်။ သို့သော် မေလမှ စတင်ကာ ပြည့်ဖြိုးအောင် ကုမ္ပဏီသည် ကာတာတွင် လာရောက် အခြေ စိုက်ပြီး ငွေလွှဲ လုပ်ငန်းကို ပါဝင် ဆင်နွဲ လာခဲ့သည်။ ရန်ကုန် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၁၆၅ ကျပ်ရှိရာ ယင်းတို့က ၁၁၉၀ကျပ် ပေးပြီး ဒေါ်လာ ၀ယ်သည့် အပြင် ငွေလွှဲပြီး သက်ဆိုင်ရာ အိမ်များ သို့ ငွေရောက် မရောက် ဖုန်းဆက် ရာတွင် ဖုန်းခ အလွန် ဈေးကြီးသည့် နိုင်ငံ ဖြစ်သော်လည်း ယင်းတို့ ကုမ္ပဏီမှ ငွေလွှဲ သူများ အတွက် အခမဲ့ ဖုန်းပေး ဆက်လေသည်။ ထိုအခါ မြန်မာ များကြားတွင် ငွေမဲလျှော် သည်ဟု လည်းကောင်း၊ မြန်မာငွေ တန်ဖိုး ကျရသည့် အကြောင်းရင်း ဟုလည်းကောင်း တီးတိုး ပြောဆို ကြသော်လည်း မိသားစု ငွေပိုရ ရေးအတွက် ထိုကုမ္ပဏီ ကိုသာ အားပေးရင်း ငွေလွှဲ နေရကြောင်း သတင်း ရရှိ လေသည်။

၂၀၀၇ ခုနှစ် အတွင်း ထိုင်းနိုင်ငံတွင်းမြန်မာများ သတင်းများ

သည်တစ်ခေါက် ထိုင်းနိုင်ငံမှ မြန်မာများရဲ့ သတင်းကို ရင်နင့်စွာနဲ့ ကြေညာပါမယ်။ ထိုင်းနိုင်ငံ မှာ လန်းန ခေတ်၊ ဆူခိုထိုင်းခေတ်၊ ပထမ အယုဒ္ဓခေတ်၊ ဒုတိယ အယုဒ္ဓခေတ် နဲ့ အခု လက်ရှိ ချကရီခေတ်လို့ ခေတ်တွေရှိရာမှာ လက်ရှိခေတ်ကလွဲလို့ ကျန်တဲ့ မင်းဆက် ခေတ်များဟာ မြန်မာကြောင့် ချည့် ပျက်စီးခဲ့ ရတယ်လို့ သူတို့ သမိုင်းက ဆိုပါတယ်။ ဒါကြောင့် ခုလက်ရှိ မင်းဆက်က ထိုင်းအမျိုးသား တစ်ရပ်လုံးကို မြန်မာလက်က ကယ်တင်ထားခဲ့တယ်၊ လက်ရှိမင်းဆက်က မင်းများဟာ သေလွန်ပြီး တာတောင် နတ် အဖြစ် နဲ့ ထိုင်းများကို မြန်မာများ မထိပါးနိုင်အောင် ဆက်လက် စောင့်ရှောက်နေဆဲ ဖြစ်တယ်လို့ ၀ါဒ ဖြန့်သလို ထိုင်းများကလည်း ယုံကြည်ကြပါတယ်။ သည်နည်းနဲ့ လက်ရှိမင်းဆက်ဟာ တိုင်းပြည်အာဏာ ကို တရားဝင် မပိုင်ဆိုင် ပေမယ့် လူထုရဲ့ စိတ်ဓာတ်ကိုတော့ ပိုင်ဆိုင်ထား ခဲ့ပါတယ်။ သည်အချက် ပိုမို ခိုင်မြဲ လာအောင် ဘာဂလာချန်ရွာကို မြန်မာတပ် ၀င်စီးစဉ်က ရက်စက်ပုံကို ရုပ်ရှင် ရိုက်ပြပြီး မြန်မာများ မျက်မှန်း တန်းမိနေတဲ့ ကျွဲရိုင်းအချိုရည်

ပင်တိုင်ကြော်ငြာသူ ဘက်ပြောင်း ကွန်မြူနစ် ဟောင်း၊ အမျိုး သားရေး ၀ါဒီ ခါရာဘောင် ကလည်း ဘာဂလာချန်သီချင်းကို ပြောင်မြောက် စွာ သီဆိုပြီး မြန်မာ မုန်းတီးရေးကို ဖန်တီးခဲ့ပါတယ်။ သည်သီချင်းဟာ မြန်မာပြည်မှာ အဆိုတော် ဗဒင်ရဲ့ သီချင်းလို နေရာ တိုင်းမှာ ပျံ့လွင့်နေခဲ့ပါတယ်။ သည်နှစ်ထဲမှာတော့ မြန်မာ မုန်းတီးရေး လှုပ်ရှားမှုကို ပိုမိုအရှိန်မြှင့်လာခဲ့ပြီး ဆုပန်ကလျာနဲ့ နရဲစွမ် ၃ကားတွဲကို ရုပ်ရှင်များ ထပ်မံရိုက်ကူး ပြသခဲ့ ပါတယ်။ သည်လို လုပ်ရပ် များ ကြောင့် ထိုင်းမှာ မြန်မာများဟာ လွန်ခဲ့တဲ့ ၅နှစ်ကထက် ပိုမို ဖိနှိပ်ခံ လာခဲ့ကြရပြီး သူ့ရဲ့နောက်ဆက်တွဲ အကျိုးဆက်များကတော မွန်နဲ့ မြန်မာမလေး များကို အကြမ်း ဖက် ဖမ်းဆီးကာ ရောင်းစားခံရသော ဖြစ်ရပ်များ ပိုမိုများပြား လာခြင်း ဖြစ်ပါတယ်။ထိုင်းနိုင်ငံရောက် မြန်မာ မလေးများ အကြောင်း တိုက်ဆိုင် ခဲ့လျှင် ဆက်သွယ်နိုင်အောင် အသင်း၏ လိပ်စာကို အောက်ပါအတိုင်း မှတ်သားထားနိုင်လေသည်။

Pavena Foundation for Children and Women
1047 - 51 Pon Luang ComplexSoi AmpornPhan 12, Moo 7
Phaholythin Road, Klong Tanon, BangKhenBangkok 10220
Phone: (66)2 972-5489(66)2 972 5490
email : help@pavena.thai.com

နောက်သတင်း တစ်ရပ်ကတော့ မြန်မာ ကလေးများနဲ့ ပတ်သက်ပါတယ်။ ရွှေ့ပြောင်းမြန်မာ အလုပ် သမား များဟာ ထိုင်းနိုင်ငံ အတွင်းကို မှတ်ပုံတင်မရှိ၊ နိုင်ငံကူးလက်မှတ်မပါဘဲ နာမည်ရင်း၊ နေရပ်လိပ်စာ အရင်းကိုတောင် မပြောကြဘဲ နောက်ကြောင်းပျောက် လာရောက် အလုပ်လုပ်ကိုင် နေကြရပါတယ်။ ထိုင်း နိုင်ငံ စမွတ်စခွန် ခရိုင်ရှိ မဟာချိုင်သည် ပင်လယ်စာ လုပ်ငန်း စက်ရုံများ ဖွံ့ဖြိုးပြီး ရွှေ့ပြောင်း မြန်မာ လုပ်သား တစ်သန်း နှစ်သိန်းခွဲခန့် အလုပ် လုပ်ကိုင်လျက် ရှိသော ဒေသဖြစ်ပါသည်။ ထိုအလုပ် သမား များသည် သရီးဒီ ခေါ် Dirty. Difficult and Danger ဟူသောအခြေအနေ တွင် အလုပ် လုပ်ကိုင် နေကြ ရပြီး သူတို့ဧ။် သားသမီး ရင်သွေးငယ် များမှာ အတိဒုက္ခ ရောက်လျက် ရှိနေကြ ပါသည်။ ကလေးမိခင်မှာ ကလေးကို စောင့်ရှောက် မည့်သူမရှိ၊ ကလေးထိန်း ကျောင်းလခလည်း မတတ်နိုင် သည့်အတွက် ကိုယ် တိုင် ကလေးထိန်းပါက အလုပ် မလုပ် နိုင်သဖြင့် စားဝတ် နေရေး ကြပ်တည်းခြင်း စသဖြင့် အခက် အခဲ များစွာကို ရင်ဆိုင် နေကြ ရရှာ ပါသည်။ ထို့ကြောင့် သူတို့၏ ကလေး များကို ရရာ လူကြုံဖြင့် မြန်မာ နိုင်ငံသို့ ပြန်ပို့သည့် အချိန်တွင် လမ်းတွင် ကလေး ငယ်များ သေပျောက် မှုများ ရှိခဲ့ ပါသည်။ အချို့မှာ ကမ္ဘာ မီးလောင် သားတောင် ချနင်း ဆိုသည့် အတိုင်း မတတ် သာလွန်း သောကြောင့် မိဘမဲ့ ကလေး အရေအတွက် တိုးလာသည်ကို ရင်နင့်စဖွယ် တွေ့လာရပါသည်။ ထိုကလေးငယ် များသည် စာရင်း မ၀င် လူရာမ၀င်ဘဲ ကြီးပြင်းလာလျှင် လူ့အသိုင်းအ၀ိုင်းတွင် အန္တရာယ်လေးများ ဖြစ်လာမည်ကို စိုးရိမ်မိ ရပါသည်။ ထို့ကြောင့် အခမဲ့ ရင်ခွင်ပိုက် ကလေးကျောင်း ကို ထိုကလေးငယ် များအတွက် ရင်ငြိမ်းပန်း ဖောင်ဒေးရှင်းမှ စီစဉ်လျက် ရှိပါသည်။ ထိုဒေသမှ ရွှေ့ပြောင်း မြန်မာ လုပ်သား များဧ။် သားသမီးများကို ကူညီ ကယ်တင် စောင့်ရှောက် ရန် အတွက် အလှူငွေများ ထည့်ဝင် လှူဒါန်း နိုင်ကြ ပါသည်။

Mr. Kyaw Lwin
President
Yin Nyein Pann Foundation
Nadee road, Moo 4, Mahachai, Samutsakhon, Thailand
Ph: (66) 0874142527
email: yinnyeinpannfoundation@gmail.com
http://yinnyeinpannfoundation.blogspot.com/

ထိုင်းနိုင်ငံသို့ ရောက်ရှိကာ တရားမ၀င် အလုပ်လုပ် နေကြ ရသော မြန်မာ အလုပ် သမားများ ဖြစ်လင့် ကစား သူတပါး တိုင်းပြည်တွင် ရှိလျက် မိမိတို့ မွေးဇာတိ မြန်မာပြည်ကို မမေ့သော အားဖြင့် မြန်မာ့ ရိုးရာ ဓလေ့ ထုံးစံများနဲ့ ၀တ်စား ဆင်ယင်မှု များကို မပျောက် ပျက်စေဘဲ ဆက်လက် ထိန်းသိမ်း နေထိုင်ရင်း ကျန်ခဲ့သော ဧပြီလ မဟာ သင်္ကြန် ပွဲတော်ကို မြန်မာ့ ရိုးရာ မပျက် ယဉ်ကျေးစွာ မြန်မာမှု မြန်မာ့ဟန် အပြည့်ဖြင့် ဆင်နွဲ ခဲ့သော မဟာချိုင် ရပ်ရှိ မြန်မာများကို TITV ရုပ်မြင်သံကြားမှပင် လာရောက် ရိုက်ကူး မှတ်တမ်းတင်ခဲ့ရပါသည်။ရင်ငြိမ်းပန်းအသင်းကြီးမှ သင်္ကြန်တွင်း ၃ရက် တရားစခန်းကို မည်သူမဆို လာရောက် တရား အားထုတ် နိုင်ရန် ကမကထ ပြုပေးခဲ့ပါသည်။ စုပေါင်း တရား စခန်းကို နေရာအတွက် ထိုင်းဘုန်းတော် ကြီးကျောင်း ကို ခွင့်တောင်းပြီး တရားပြ ဆရာတော် အဖြစ် ချမ်းမြေ့ ရိပ်သာ ဆရာတော် ဘုရားကြီး၏ ထိုင်းနိုင်ငံရှိ ချမ်းမြေ့ ရိပ်သာ ကျောင်းခွဲ ကျောင်းထိုင် ဆရာတော် ဦးနန္ဒ၀ံသမှ ရှင်းလင်း ညွှန်ပြ ပေးခဲ့ပါသည်။ မထင် မှတ်ထားစွာ ယောဂီလောင်း တရာကျော် လာရောက်

စာရင်းပေးသွင်းခဲ့ကြပြီး (၁၁၂)ယောက် တရား အားထုတ် ခဲ့ကြပါသည်။ ယခုလည်း ၀ါဆို ခါနီး အချိန်တွင် ရက်သတ္တ တပတ်လျှင် တစ်ရက်တည်းသော အလုပ် ပိတ်ရက် တနင်္ဂနွေ နေ့တိုင်း ဓမ္မ စကြာသုတ် ရွတ်ဖတ်နည်းနှင့် ဓမ္မစကြာ တရားတော် သင်တန်း ကို ဦးဆောင် စီစဉ်လျက် ယခု လာမည့် ဇူလိုင် ၂၉ရက် တွင် ကျရောက်သော ဒုတိယ ၀ါဆို လပြည့် နေ့တွင် ဓမ္မစကြာသုတ် ရွတ်ဖတ် ပူဇော်ပွဲကို ထပ်မံ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းပါး အပ်ပါ သည်။

၂၀၀၆ခုနှစ် ထိုင်းနိုင်ငံတွင်းမြန်မာများသတင်း

စက်တင်ဘာ။ ။ တရားဥပဧေ။် အထက်တွင် ငွေနှင့် ဒုစရိုက် ဂိုဏ်းသားများ ရှိသော ထိုင်းနိုင်ငံ တွင် ထို ဂိုဏ်းသား များဖြင့် မပတ်သက် သရွေ့ ပြည်သူ များမှာ ငြိမ်းချမ်းစွာ နေထိုင် နိုင်ကြ ပါသည်။ သို့သော် မြန်မာ ရွှေ့ပြောင်း လုပ်သား များမှာ ယင်းတို့ ကိုယ်တိုင် မသိရှိ လိုက်ရပဲ ထိုဂိုဏ်းသားများ ပိုင်ဆိုင်သော စီးပွားရေး လုပ်ငန်း များတွင် သွားရောက် အလုပ် လျှောက်ထား လုပ်ကိုင် မိကြ သဖြင့် ကိုယ်ကျိုး နည်းရ လေသည်။ စက်တင်ဘာလ အတွင်း မဟာချိုင် ခရိုင် တစ်ခု တည်းမှာပင် ကြီးကျယ် လှသော တရားမမှု နှစ်ခု ပေါ်ပေါက် အောင် ဖော်ထုတ် နိုင်ခဲ့

ကြပါသည်။ပထမအမှုမှာသူဌေးတစ်ဦးတည်းကပိုင်ဆိုင်သော ငါးဖမ်း မော်တော် ၆စင်း ပေါ်မှ မြန်မာ၊ ထိုင်းနှင့် ကမ္တော ဒီးယား နိုင်ငံသားများ အပါအ၀င် ငါးဖမ်း သမားများ အားလုံး အဆိပ် သင့် ကာ ဆေးရုံသို့ အချိန်မီ ရောက်သူ အနည်းငယ် မှအပ ကျန်သူများ အားလုံး သေဆုံးရာတွင် မြန်မာလှေသား ၆၀ ဦးကျော် ပါဝင် ခဲ့ခြင်း ဖြစ်ပါ သည်။ မဟာချိုင်ဆေးရုံကြီးမှ တာဝန် ကျ ဆရာဝန် ကြီးက အဆိပ်သင့် သေဆုံး ခြင်းဟု အတည်ပြု ပြောဆိုခဲ့ သော်လည်း မည်သည့် အဆိပ် အမျိုးအစား ဖြစ်ကြောင်း ကိုမူ ထုတ်ဖော် ပြောဆို ခြင်း မပြုဝံ့ဘဲ ငြင်းဆန်ခဲ့

ပါသည်။ကျန်ရစ်သူလှေသားများဧ။်ပြောဆိုချက်အရ ယင်းတို့အားလုံးမှာ လစဉ် လခ ရသည် မဟုတ်ဘဲ တစ်နှစ် နေမှ လစာ စုရှင်းပေး ခံကြ ရကြောင်း၊ ယခု စက်လှေ၆စင်းမှ လှေသား များမှာ လစာ မရ သည်မှာ ၃နှစ် ကျော်ပြီ ဖြစ်ကြောင်း၊ ယခု တစ်ခေါက် စက်လှေ ကပ်လျှင် လစာ ရှင်းရန် လှေသား များမှ တောင်းဆို ခဲ့ကြ ကြောင်း၊ သို့သော် စက်လှေ ကမ်းမ ကပ်မီ မှာပင် လှေသားများ ကိုယ်ဖော ရောင်ကာ စတင် သေဆုံးခဲ့ ကြကြောင်း၊ စက်လှေ ဆိပ်ကမ်း မကပ်မီ စုစုပေါင်း ၁၅ဦးမှာ ပင်လယ်ထဲတွင် စက်လှေ ခုတ်မောင်း နေစဉ် သေဆုံး

ခဲ့ကြကြောင်း၊ထိုသူတို့ကိုလှေသားများကရေခဲရိုက်ထားခဲ့ကြသော်လည်း မာလိန်မှုးနှင့် သူဌေးမှ ပင်လယ် တွင်းပစ်ချ ခဲ့ရန် ခိုင်းစေမှုကြောင့် မလွှဲရှောင် သာပဲ ပစ်ချခဲ့ ရကြောင်း၊ အမှုမှန် ပေါ်မည် စိုးသောကြောင့် အလောင်း ဖျောက်ခိုင်းသည် ထင်ပါကြောင်း စသည်ဖြင့် ဖြေကြား ခဲ့ပါသည်။ ထိုလှေသား အားလုံးမှာ တရားမ၀င် လာရောက် အလုပ်လုပ် ကိုင်ကြရ သူများဖြစ်သည့် အတွက် ကျန်ရစ်သူ မိသားစုပါ ဒုက္ခပေးခံရမည် စိုး သောကြောင့် ယင်းတို့ ဧ။် အမည်မှန်နှင့် လိပ်စာမှန်ကို မည်သူ့ကိုမျှမပြောပြဘဲ နေခဲ့ကြသဖြင့် မည်သူ့ ကိုမျှ အကြောင်းကြားမပေးနိုင်ပါချေ။

ဒုတိယအမှုမှာအဖွားကြီးခြံဟုလူသိများသောအထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား အများစု အပါအ၀င် အလုပ် သမား များကို စက်ရုံဝင်း အပြင် ဖက်သို့ ထွက်ခွင့် မပေးဘဲ ချုပ်လှောင် ထားပြီး အခ မပေးဘဲ ခိုင်းစေခြင်း၊ အခွင့်အရေး တောင်းဆို သူများကို ညှင်းပန်း နှိပ်စက် ခြင်းတို့ ပြုလုပ် နေရုံမျှ မက ရဲက ၀င်စစ်ရာအစစ်မခံဘဲ ရဲများကိုပင်လက်နက်ငယ်များဖြင့် ပြန်လှန် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် ILO အပါအ၀င် အခြား ထိုင်းနှင့် နိုင်ငံခြားသား ဦးစီးသော NGO များ၊ ရဲများနှင့် ကမ္တောဒီးယား သံရုံးမှ တာဝန် ရှိပုဂ္ဂိုလ် များပါ ပူးပေါင်း ၀န်းရံ ပိတ်ဆို့ တိုက်ခိုက်ကာ ပိုင်ရှင်များကို ဖမ်းဆီး ရရှိခဲ့ပါသည်။ သို့သော် ပစ်ခတ်မှု အပြီး ထို အထည်ချုပ် စက်ရုံကို ထိန်းသိမ်း ပြီးနောက် ရှိသမျှ အလုပ်သမား များကို ထိန်းသိမ်း ထား ခဲ့ပြီး ညှင်းပန်း နှိပ်စက် ခံရမှု တို့ကြောင့် အပြင်းအထန် နေထိုင် မကောင်း ဖြစ်နေသူ များကို မဟာချိုင် ဆေးရုံသို့ တင်ပို့ ဆေးကုသ စေခဲ့ကြ ရပါသည်။ ထူးခြားချက်မှာ ဆေးရုံ တက်ရောက် နေရ သော အလုပ်သမား များရော အချုပ်ခန်း ထဲတွင် ထိန်းသိမ်းခံ ထားရ သော အလုပ်သမား များပါ ယင်းတို့ ကို နှိပ်စက်ခဲ့သည်များ၊ လခမရဘဲမတရား

အလုပ်လုပ်ခိုင်း ခံရသည် များကို မတိုင်ကြား ရန်နှင့် တိုင်ကြား ခဲ့ပါက အသေပစ်သတ်မည်ဟု အစောင့်များ ခဏမရှိခိုက် ခြိမ်းခြောက်ခံကြရခြင်းဖြစ်ပါသည်။ထိုအမှုနှစ်မှုလုံးမှအသက်ရှင်ကျန်ရစ်၍ထိန်းသိမ်းခံရသူများထဲမှ အလုပ်သမား လက်မှတ် မရှိသော အသက် ၁၈နှစ် အထက် လူများကို မြန်မာ နိုင်ငံသို့ ပြန်ပို့ပြီး အသက် ၁၈နှစ် အောက် ကလေးငယ် များကို လူငယ် ပြုပြင်ရေးကျောင်း များသို့ ပို့ဆောင် ပညာ သင်စေပြီး အလုပ်သမား လက်မှတ် ရှိသူများ ကိုမူ ဘန်ကောက်ရှိ အလုပ်သမား ရုံးတွင် ခဏ ခေါ်ယူ ထားရှိကာ အလုပ်သမား လိုအပ်သူ ထိုင်းအလုပ် ရှင်များ အစိုးရထံမှ တိုက်ရိုက် လျှောက်ထား ရယူ နိုင်ကြောင်း သိရှိရပါသည်။တပ်ခ်ခရိုင်မဲဆောက်မြို့အတွင်းရှိစက်ရုံအလုပ်ရုံများတွင် အလုပ် လုပ်ကိုင် ကြသော မြန်မာ လုပ်သားများ အတွက်မူ ရောင်ခြည်ဦး အဖွဲ့နှင့် အခြား အလုပ်သမား အခွင့်အရေးကို ကာကွယ် စောင့်ရှောက် ပေးနေ သောြွဥ များကြောင့် အသိအမြင် ပိုမို ပွင့်လင်း လာကာ ယခင် ကထက် ပိုမိုသော အလုပ်သမား ခံစားခွင့် များကို တောင်းဆိုခံစား ရရှိ လာနိုင် ကြသည်ကို တွေ့ရှိရသော်လည်း အခြားတိုင်း၊ ခရိုင်နှင့် မြို့နယ်များ တွင်မူ မြန်မာအလုပ်သမား များဧ။် ဘ၀အခြေအနေ မှာ မဲဆောက်နှင့် ဘန်ကောက်မြို့ အနီးတ၀ိုက်မှ လုပ်သား များထက် အခွင့်အရေး ရရှိမှု လျော့နည်း နေသေးကြောင်း တွေ့ရှိ ရပါသည်။
မြန်မာ အလုပ်သမား များဧ။် လုံခြုံရေး အတွက် တနိုင်တပိုင် တာဝန် ယူကာ စိတ်ကောင်း ရှိသော ထိုင်း အလုပ်ရှင် များကို စုံစမ်းရင်း ထိုအလုပ် ရှင်များ လိုအပ်သော အလုပ်သမား များကို အလုပ်ရှင် ဘက်မှရော အလုပ်သမား ဘက်မှပါ ၀န်ဆောင်ခ မယူဘဲ ရှာဖွေကာ အလုပ်ရှင်နှင့် အလုပ်သမားကို တိုက်ရိုက် ဆက် သွယ် အပ်နှံပေးသော လူမှုရေး စိတ်ရှိသူ များကြောင့် မြန်မာ အလုပ်သမား များမှာ အနည်းငယ် စိတ်အေး ကြရပါသည်။ သို့သော် အလုပ်ရှာလိုသူများ ထိုသူများနှင့်တိုက်ရိုက် ဆက်သွယ်ခွင့်ပိုမိုရရှိနိုင်ရန် သူတို့ တနိုင် တပိုင် ကြော်ငြာထားသောကြော်ငြာစာရွက်ကို တင်ပြလိုက်ပါသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင်းရှိမြန်မာလှေလုပ်သားရွာများရှိ ကလေးသူငယ် များဧ။်ပညာရေးကို စောင့်ရှောက် ကူညီ ပေးနေသော စီမံကိန်းများဧ။် သက်တမ်းမှာ လာမည့် ၂၀၀၇ ခုနှစ် ဆန်းပိုင်းတွင် ကုန်ဆုံး တော့မည်ဖြစ်ပြီး နောက်ထပ် စီမံကိန်း သစ်များ ချမှတ် မည့် သတင်း ထွက်ပေါ် မလာ သေး သဖြင့် မိဘများမှာ ယင်းတို့ဧ။် ကလေး များ အတွက် စိုးရိမ်ပူပန် နေကြကြောင်း သိရှိရပါသည်။ မြန်မာ ရွှေ့ပြောင်း လုပ်သားများမှာ သူတို့ဧ။် ဘ၀ အခြေအနေကြောင့် မိသားစုလိုက် ထိုင်းနိုင်ငံသို့ တရားမ၀င် လာရောက် အလုပ် လုပ်ကိုင်နေကြစဉ်တွင် လင်ရောမယားပါ လုပ်ငန်းခွင်သို့ တနေကုန် သွားရောက် နေ ခိုက် နာက်ပိုင်းရှိအသက်မပြည့်သေးသော ကလေးငယ်များမှာ ကျောင်းလည်း မနေနိုင်၊ အလုပ်လည်း မလုပ်နိုင်ကြဘဲ သည်အတိုင်း နေကြရရှာပါသည်။

မြန်မာပြည်တွင်းရှိကျောင်းမရှိသောကျေးလက်တော ရွာများတွင်ပင် သည်လို ကလေး များမှာ ဘုန်းကြီး ကျောင်းများတွင် ဘုန်းကြီး သင်သလောက်တော့ ပညာသင်ကြားခွင့် ရှိကြပါသေးသည်။ အနည်းဆုံးတော့ ရပ်ထဲရွာထဲမှ အိမ်စောင့်ကျန် ခဲ့သော အဘိုးအို၊ အဘွားအိုများနှင့်အတူအိမ်စောင့် ရင်း သူတို့ထံမှ လောက ကြီး အကြောင်းကို ရှေး ဟောင်း နှောင်းဖြစ်၊ ပုံတိုပတ်စများမှတဆင့် သင်ယူ နိုင်ခွင့် ရှိကြရှာ ပါသေးသည်။ ထိုင်းနိုင်ငံတွင်းရှိ မြန်မာ ရွှေ့ပြောင်း လုပ်သား များဧ။် ရင်သွေးငယ် များမှာမူ ထိုသို့သော အခြေခံ အခွင့်အရေး ကလေးများ သော်မှ မရရှိ နိုင်ကြ ရှာပေ။

ထိုင်း-မြန်မာ အလုပ်သမား ၀န်ကြီးရုံးများဧ။် အစီအစဉ်အရ ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ် လုပ်ကိုင် နေကြသော မြန်မာအလုပ်သမားများကို မြန်မာအစိုးရမှ နိုင်ငံကူး လက်မှတ် များ ထုတ်ပေး ခြင်းနှင့် ထိုင်း အစိုးရမှ လက်ရှိသုံးစွဲနေသော အလုပ်သမား လက်မှတ် မဟုတ်ဘဲ နိုင်ငံတကာ စံချိန်မီ တရားဝင် အလုပ် လုပ်ခွင့် ပါမစ် ထုတ်ပေးခြင်း တို့ပြုနိုင်ရန်အတွက် မြန်မာအလုပ်သမားများဧ။်အမည်နှင့် နိုင်ငံသား မှတ်ပုံ တင်၊ မြန်မာပြည်တွင်း နေရပ်လိပ်စာ စာရင်းတို့ကို ကောက်ခံခြင်းတို့ကို စတင်ပြုလုပ် နေပြီ ဖြစ်ပါသည်။တာချီလိပ်-မယ်ဆိုင် နယ်စပ်ဂိတ်၊ မြ၀တီ-မဲဆောက် နယ်စပ် ဂိတ်နှင့် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် တို့တွင် မြန်မာဘက် မှ အလုပ်သမား များမှာ ထိုင်းနိုင်ငံတွင်း အလုပ် လုပ်နိုင်ရန် အတွက် နိုင်ငံကူး လက် မှတ် လျှောက်ထား ကြရမည် ဖြစ်ပြီး ထိုင်း အလုပ် ရှင်များ မှလည်း အလုပ်သမား ရရှိနိုင်ရေး အတွက် ထိုင်းအလုပ် သမား ၀န်ကြီး ဌာန မှတဆင့် မြန်မာဂိတ် များမှ တာဝန် ရှိသူများ ထံ လျှောက်ထား ကြရမည် ဖြစ်ကြောင်း သိရှိရပါသည်။ သို့သော်လည်း လက်ရှိအလုပ်သမား လက်မှတ်ဖြင့်လုပ်ကိုင် နေသော မြန်မာ နိုင်ငံသား အလုပ်သမားများက ထိုသို့ စာရင်းပေးခြင်းကို လိုက်နာရန် ငြင်းဆန်ခဲ့ ကြပါသည်။

အကြောင်းရင်းကိုမေးကြည့်ရာ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်တို့တွင် ထိုင်းနိုင်ငံ သို့ သွားရောက် အလုပ် လုပ်ကိုင် နေသူ များ ဧ။် ကျန်ရစ်သူ မိသားစုထံမှ အလှူငွေ ကဲ့သို့ ကောက်ခံကြေး များကို သာ မန် မိသားစုထက် ပိုများစွာ အဆမတန် ကောက်ခံ ခြင်းကို ခံခဲ့ကြ ရကြောင်း၊ မပေးနိုင်ပါက ထို မိသားစု ၀င်များကို ဖမ်းဆီးကာ ထိုင်းနိုင်ငံတွင် သွား ရောက် အလုပ် လုပ်ကိုင် သူများကို ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ် သည်ဟု သံသယ ရှိသည်ဟု စွပ်စွဲကာ နှိပ်စက် မေးမြန်း ခံကြ ရသော သာဓကများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် နောက်ထပ် အသစ် လာရောက် ကြသော မြန်မာ နိုင်ငံသား များဧ‘။် အခြေ အနေကို စောင့်ကြည့် ပြီးမှ စဉ်းစား ဆုံးဖြတ် ကြမည် ဖြစ်ကြောင်း နယ်အသီးသီးမှ မြန်မာ လုပ်သား များက ပြောဆို နေကြပါသည်။

ရင်ငြိမ်းပန်းကရုဏာအသင်းမှကြီးမှူးပြီးအောက်တိုဘာလ ၅ရက်နေ့က ထိုင်းနိုင်ငံ စမွန်စခွန် ခရိုင်၊ မဟာချိုင် ရပ်ရှိ ၀ပ်ဟုမ် ဘုရားကို မြန်မာအလုပ်သမား များက မြန်မာပြည်မှ မှာယူ ပင့်ဆောင် လာသော ရွှေထီး တော်သစ် တင်လှူ ဆက်ကပ် ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြပြီး အောက်တိုဘာလ ၈ရက် နေ့တွင်မူ ၀ပ်ထစ် ဘုန်းတော်ကြီး ကျောင်းတွင် မြန်မာ ဘုန်းတော်ကြီး များကို ပင့်ဆောင်ကာ သီတင်းကျွတ် လပြည့်နေ့ အဘိဓမ္မာ အခါတော် နေ့ကို အနှစ်ပါပါ ကျက်သရေ ရှိစွာ ကျင်းပ သွားခဲ့ သည်ကို အောက်ပါ အစီအစဉ် အရ တွေ့ရှိရ ပါသည်။ တက်ရောက် သူများ ကိုလည်း ဓမ္မဒါန အဖြစ် တရားခွေ များနှင့် အရှင် ဆန္ဒဓိကဧ။် တရားစာအုပ် တို့ကို ဦးရွှေသိန်း၊ ဒေါ်ချော မိသားစုနှင့် ဦးဝင်းသိန်း၊ ဒေါ်သိန်းသိန်းဆန်း မိသားစု တို့မှ လှူခဲ့ကြပါ သည်။

ထိုင်းရောက်ရွှေများ

ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားအတိုင်း မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ ရွှေမြန်မာပေါင်း လူဦးရေ (၂)သန်းကျော် တရားဝင်ရော၊ တရားမ၀င်ပါ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် နေကြရာ အများစု နေထိုင်ကြတဲ့ နေရာများနှင့် လုပ်ကိုင်ရာ အလုပ်အကိုင် များကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
၁. မဲဆောက်နှင့်ဝန်းကျင် (အလုပ်မျိုးစုံနှင့်အထည်ချုပ်လုပ်ငန်း) မြန်မာ၅သိန်းခန့်
၂. ဖန်ငနှင့်ဝန်းကျင် (ရေနှင့် တံငါလုပ်ငန်း) မြန်မာ၅သိန်းခန့်
၃. စမွန်စခွန် (ရေနှင့် တံငါလုပ်ငန်း) မြန်မာနှစ်သိန်းခန့်
၎. နခွန်ပသွန် (၀က်မွေးမြူရေးနှင့် အလုပ်မျိုးစုံ)
၅. ချင်းမိုင် (အလုပ်ပေါင်းစုံ)
၆. နခွန်စီသမရတ် (စိုက်ပျိုးရေး)
၇. ထိုင်းတောင်ဖျားပိုင်း (ရေနှင့် တံငါလုပ်ငန်း)စသည်တို့ဖြစ်ပါတယ်။

နယ်စပ်ကခိုးဝင်လာစဉ် အသက်ရှုကြပ်ကာ လမ်းမှာ သေဆုံးကြလို့ လောင်စာဆီ လောင်း ပြီး မီးရှို့ခံရတဲ့၊ ထိုင်းတောင်ပိုင်း မလေးရှား နယ်စပ်က အညိုရောင် နယ်မြေမှာ လုပ်အားခငွေ ရှင်းမပေးချင်တဲ့ ယုတ်မာ ပက်စက်တဲ့ လုပ်ငန်းရှင် တချို့ရဲ့ ငါးအသား လွှာစက် တွေထဲကို အရှင် လတ်လတ် ထည့်သတ် ခံရတဲ့၊ လော နှင့် ကမ္ဘောဒီးယား နိုင်ငံသား တချို့နဲ့ အတူ အလောင်း ၃၀၀ ကျော် အစုလိုက် အပြုံလိုက် တွေ့ရ တဲ့ အထဲမှာ ပါဝင် သွားခဲ့တဲ့ ကံဆိုးရှာသူ ရွှေမြန်မာ များရဲ့သတင်း ကတော့ တဖြည်းဖြည်းနဲ့ မထူးဆန်း တော့တဲ့ သတင်း ဖြစ် လာနေတာ တာဝန် ရှိသူများရဲ့ တာဝန်အပေါ် အဓိပ္ပာယ် ဖွင့်ဆိုမှု လွဲမှားမှု ကြောင့် ဖြစ်ပါလိမ့်မယ်။

တရားမ၀င် လာရောက်ခဲ့ကြသူများဖြစ်လို့တရားဥပဒေရဲ့အရိပ် အာဝါသကို ခိုလှုံခွင့် မရကြတဲ့၊ မတရားမှု မှန်သမျှကို ခါးစည်း ခံနေ ကြရ ရှာတဲ့၊ လူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး ဆိုတာကို လူသား အရေး အဖြစ် သဘော မပေါက် ကြရှာပဲ နိုင်ငံရေး အဖြစ် မြင်ကာ ကိုယ်ပိုင် အခွင့် အရေးကို တောင်းဆိုဖို့ ကိုတောင် နိုင်ငံရေး သမား လို့အထင် ခံရမှာ ကြောက်လို့ မပြောရဲ ရှာသူ မြန်မာ အလုပ် သမား များရဲ့ ဘ၀ ဟာ သူတပါး ခေါင်းပုံ ဖြတ်တာ ခံရဖို့ အတွက် လူလာဖြစ် နေကြ ရသလို ပါပဲ။
စမွန်စခွန်ကရွှေများကတော့ လောလောဆယ်ကြုံတွေ့နေရတဲ့ လုယက်မှု ပြဿနာ နှစ်ခုကို ရင်ဆိုင် နေကြ ရပါ တယ်။ မျောက်ဂိုဏ်းနဲ့လမ်းသရဲ ဂိုဏ်း နှစ်ခုကြောင့် အလုပ် သွားရာ မှာတောင် အုပ်စု နဲ့သာ သွားလာ ရဲ တယ် လို့ ရွှေတစ်ယောက်က ပြောပါတယ်။ စမွန်စခွန်ဟာ မူလက တံငါရွာ မျှသာ ဖြစ်ပြီး အခု ငါးကို နိုင်ငံ တကာ ကိုတင်ပို့ ရာ ငါးလုပ်ငန်းမြို့ အဖြစ် တိုးချဲ့ မှုကြောင့် မူလ ကြီးစိုးရာ မျောက်များ စားကျက်နဲ့ နေရာ ပျောက်ကာ မြို့ပြင်နဲ့ နီးစပ်ရာ မြေလွတ် များမှာ နေထိုင်ရင်း လမ်းသွား လမ်းလာများ စားစရာကိုင်ဆောင် လာပါက အုပ်စုလိုက် ထွက် ကာ လုယက်ကြပါတယ်။ ရွှေများ ဟာလည်း အခန်း ငှားခ သက်သာရာ မြို့ပြင် များမှာ နေထိုင်မှု များတဲ့ အတွက် ရွှေနဲ့မျောက် ပြဿနာတက် ကြတာ ဖြစ်ပါတယ်။

လမ်းသရဲဂိုဏ်းကတော့ ဆိုးသွမ်းထိုင်းလူငယ်များကမြေနိမ့်ရာ လှံစိုက်ကာ ငုံ့ခံကြမယ့်ရွှေများကို အနိုင် ကျင့် လုယက်ကြတာဖြစ်ပါတယ်။ မြွေပူရာ ကင်းမှောင့်ဆိုသလို အသားထဲက လောက်ထွက်တဲ့ ပြဿနာ ကတော့ အမှုပွဲစားဖြစ်ပါတယ်။ ထိုင်းရဲက ဖမ်းဆီးငွေညှစ်တာခံရပြီးရင် ဆက်လက်ပြီးတရားမ၀င် အလုပ် လုပ်တာ ရွှေများ အတွက် ရိုးနေတဲ့ ဖြစ်စဉ်ပါ။ သည်လိုအခြေအနေမှာ လူသစ် သည်နယ်မြေထဲကို ၀င်လာ ရင် ကိုယ့်လူမျိုး အချင်းချင်း ကိုမျက်နှာ မထောက်၊ ထိုင်းရဲကို လက်ထောက်ချ၊ ပြီးရင် ထိုင်းရဲဆီက ပွဲစားခ ပြန်တောင်း ယူတာကို အမှုပွဲစား လို့ခေါ်ပြီး ထိုလူ များကို ထိုင်းရဲက လက်သပ် မွေးထား ပါတယ်။
သည်လိုအခြေအနေတွေထဲမှာ အလုပ်လုပ်ပြီးရှာရသမျှငွေကို အိမ်ပြန် ပို့ရာက အလုပ်ခွင် ထဲမှာ ထိခိုက် တဲ့အခါ ရောဂါ စွဲတဲ့ အခါ အလုပ် မလုပ်နိုင် ဆေးကုဖို့ ငွေမကျန် ဖြစ်ကြသူ များကို ၂၀၀၄ ခုနှစ်မှာ စတင် တည်ထောင် ခဲ့တဲ့ ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်းက ဆေးကုသ စရိတ် ထောက်ပံ့ ပေးနေပါတယ်။ သေအံ့ မူးမူး လူမမာများ မြန်မာ ပြည်သို့ ပြန်လိုပြီး လမ်းစရိတ် မရှိသူများ၊ မတော်တဆ သေဆုံး ကြသူ များရဲ့ ဈာပန များ၊ အလောင်းကို မြန်မာပြည်သို့ ပြန်သယ် လိုသူ များအတွက် စားရိတ် များကိုလည်း ထောက်ပံ့ ပေးကြ ပါသည်။ မည်သည့်အသင်းအဖွဲ့ကမှ ထောက်ပံ့ကြေး မရ နိုင်ကြ ရှာတဲ့ တရားမ၀င် အလုပ်သမား များ တစ်ရက် တစ်ဘတ်နှုံးနဲ့ တလဘတ်၃၀ ထည့်ဝင် လှူဒါန်းငွေ များကို မတည်ပြီး တည်ထောင် ထားရတဲ့ သည် အသင်းလေး ကိုသာ အားကိုး အားထား ပြုနေ ကြရ ရှာတဲ့ ရွှေများရဲ့ ကျန်းမာရေး အတွက် အကူအညီ ပေးလိုပါက ရင်ငြိမ်းပန်း ကရုဏာ ဖောင်ဒေးရှင်း http://yinnyeinpann-passion.blogspot.com/ ကိုဆက်သွယ် နိုင်ကြကြောင်း တင်ပြလိုက် ရပါတယ်။