Showing posts with label ကာတာနိုင်ငံတွင်း မြန်မာများသတင်း. Show all posts
Showing posts with label ကာတာနိုင်ငံတွင်း မြန်မာများသတင်း. Show all posts

Thursday, November 22, 2007

၂၀၀၇ ခုနှစ် အတွင်း ကာတာနိုင်ငံတွင်း

မြန်မာများသတင်းအရှေ့အလယ်ပိုင်းရှိ ရေနံသူဌေးများ စုဝေးရာ ကာတာနိုင်ငံတွင် ဆောက်လုပ်ရေး လုပ်ငန်း များကို တိုးချဲ့ လျက်ရှိရာ လိုအပ်သော လုပ်သားများကို မြန်မာနိုင်ငံမှ လုပ်သား ပွဲစား ကုမ္ပဏီ များနှင့် ဆက်သွယ် ခေါ်ယူခဲ့ ကြရာ ကျေးလက် အချို့တွင် ရွာလုံးကျွတ် လာရောက် လုပ်ကိုင် ကြသူများ ရှိကြောင်း၊ ထိုသူ တို့သည် လယ်ရောင်း နွားရောင်းပြီး ပွဲခ ပေးကာ အလုပ် လုပ်ခွင့် ရအောင် ကြိုးစား ခဲ့ကြကြောင်း၊ သို့သော် နိုင်ငံတကာ ငွေကြေး လဲလှယ်မှု နှုံးကိုရော နိုင်ငံတကာ အလုပ်သမား ဈေးကွက်မှ မိမိ ရသင့် ရထိုက် သော လခ နှုံးထား ကိုပါ မသိဘဲ စာချုပ်ပါ လခဖြင့် ၁နှစ်၊ ၂နှစ် စာချုပ်များ ချုပ်ဆိုခဲ့ပြီး ကာတာ သို့ ရောက်သော် နေထိုင် စားသောက်မှု စရိတ်နှင့် လခ မည်သို့မျှ မလောက်င သည်ကို လည်းကောင်း၊ မိမိ တို့ကို ကုမ္ပဏီမှ လခ တိုးပေး သော်လည်း စာချုပ်အရ လခမှာ မိမိ တို့ထံ ရောက်မ လာဘဲ ပွဲစား ကုမ္ပဏီ သို့သာ ရောက်ရှိ သွားသည်ကို လည်းကောင်း သိရှိရ လေသည်။ ထို့ကြောင့် မခံချင် ဖြစ်မှုနှင့် ပင်ပန်းပြီး အကျိုး မရှိမှု တို့ကြောင့် မြန်မာ ပြည်သို့ ပြန်လို လှသော်လည်း လာစရိတ် အကြွေး မကျေခြင်း ကြောင့် ကြိတ်မှိတ်ကာ စိတ်ဆင်းရဲ လူဆင်းရဲ ခံစား နေကြ ရကြောင်း သိရှိရ လေသည်။ထိုအလုပ်သမားများ၏ လုပ်ခလစာများကို တပတ်တခါ ရှင်းခြင်း၊ ၁၅ရက် တစ်ကြိမ် ရှင်းပေးခြင်း၊ နှင့် တလ တကြိမ် ရှင်းခြင်း တို့ကို ကုမ္ပဏီ အလိုက် ပြုလေရာ အိန္ဒိယ နွယ်ဖွား မြန်မာ နိုင်ငံသား ငွေလွှဲ သမားများ တော်တော် အလုပ်ဖြစ် လေသည်။ သို့သော် မေလမှ စတင်ကာ ပြည့်ဖြိုးအောင် ကုမ္ပဏီသည် ကာတာတွင် လာရောက် အခြေ စိုက်ပြီး ငွေလွှဲ လုပ်ငန်းကို ပါဝင် ဆင်နွဲ လာခဲ့သည်။ ရန်ကုန် ပေါက်ဈေး တစ်ဒေါ်လာလျှင် ၁၁၆၅ ကျပ်ရှိရာ ယင်းတို့က ၁၁၉၀ကျပ် ပေးပြီး ဒေါ်လာ ၀ယ်သည့် အပြင် ငွေလွှဲပြီး သက်ဆိုင်ရာ အိမ်များ သို့ ငွေရောက် မရောက် ဖုန်းဆက် ရာတွင် ဖုန်းခ အလွန် ဈေးကြီးသည့် နိုင်ငံ ဖြစ်သော်လည်း ယင်းတို့ ကုမ္ပဏီမှ ငွေလွှဲ သူများ အတွက် အခမဲ့ ဖုန်းပေး ဆက်လေသည်။ ထိုအခါ မြန်မာ များကြားတွင် ငွေမဲလျှော် သည်ဟု လည်းကောင်း၊ မြန်မာငွေ တန်ဖိုး ကျရသည့် အကြောင်းရင်း ဟုလည်းကောင်း တီးတိုး ပြောဆို ကြသော်လည်း မိသားစု ငွေပိုရ ရေးအတွက် ထိုကုမ္ပဏီ ကိုသာ အားပေးရင်း ငွေလွှဲ နေရကြောင်း သတင်း ရရှိ လေသည်။